သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ် စမ်းသပ်နည်း

              ဖုန်းဝယ်ရင်ဘာတွေသတိပြုရမလဲဆိုပြီးမေးနေသောသူငယ်ချင်းများအတွက်.....
    ပထမ သတိပြုရမှာကတော့ ထုတ်လုပ်တဲ့နိုင်ငံပါ။ ကိုယ်ဝယ်တဲ့ဖုန်းရဲ့ ထုတ်လုပ်နိုင်ငံက
    ဘယ်နိုင်ငံလဲ ဆိုတာ ဖုန်းအတွင်းကပ်ထဲထားတဲ့ Made In ကို ကြည့်ခြင်းဖြင့်သိနိုင်ပေမယ့်
    သိပ့်ပြီးမယုံကြည့်ရပါဘူး။ဒါကြောင့် လုံးဝ လိမ်လို့မရတဲ့ အောက်ပါနည်းအတိုင်းစမ်းသပ်
    စေချင်ပါတယ်။
    ပထမဆုံးအနေနဲ့ ဖုန်းခေါ်တဲ့ Keypad မှာ *#06# လို့ရိုက်လိုက်ပြီဆိုတာနဲ့ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

    ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

    အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
    (၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
    သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

    (၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင်
    သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

    (၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင်
    သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

    (၄) 00 ဖြစ်မယ်ဆိုရင်တော့
    သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

    (၅) 13 ဖြစ်မယ်ဆိုရင်တော့
    သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

    အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။
     
           ဒုတိယ သတိပြုရမှာက ဖုန်းအတွင်းထဲက Hardware ပဲဖြစ်ပါတယ် ။ထုတ်လုပ်တဲ့နိုင်ငံဘယ်လောက်
    ကောင်းကောင်း ဖုန်းထဲ က Hardware က မကောင်းရင်လဲမဖြစ်သေးပါဘူး။ ဒါကြောင့် 
    ဖုန်းခေါ်တဲ့ Keypad မှာ *#0*# ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ အထဲမှာ  Hardware အားလုံးကို ထိန်းချုပ်ထားတဲ့ C panle
    ပေါ်လာမှာဖြစ်ပါတယ်။ ပြီးရင်အောက်ပါပုံအတိုင်း Hardware တစ်ခုခြင်းစီကို စမ်းသပ်နိုင်မှာဖြစ်ပါတယ်။

     သူငယ်ချင်းအားလုံးပဲ  မိမိစိတ်တိုင်းကျ အကောင်းစား ဖုန်း တွေ ပိုင်ဆိုင်နိုင်ကြပါစေ...လို့ 

                                                                                                       ဆုတောင်လျှက်..

                                                                                                                       Kyaw Zin

     




    0 comments:

    Own © 2013 Mobile Note Book and Note Book Gyi - Mobile Note Book Gyi.