သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ် စမ်းသပ်နည်း

              ဖုန်းဝယ်ရင်ဘာတွေသတိပြုရမလဲဆိုပြီးမေးနေသောသူငယ်ချင်းများအတွက်.....
    ပထမ သတိပြုရမှာကတော့ ထုတ်လုပ်တဲ့နိုင်ငံပါ။ ကိုယ်ဝယ်တဲ့ဖုန်းရဲ့ ထုတ်လုပ်နိုင်ငံက
    ဘယ်နိုင်ငံလဲ ဆိုတာ ဖုန်းအတွင်းကပ်ထဲထားတဲ့ Made In ကို ကြည့်ခြင်းဖြင့်သိနိုင်ပေမယ့်
    သိပ့်ပြီးမယုံကြည့်ရပါဘူး။ဒါကြောင့် လုံးဝ လိမ်လို့မရတဲ့ အောက်ပါနည်းအတိုင်းစမ်းသပ်
    စေချင်ပါတယ်။
    ပထမဆုံးအနေနဲ့ ဖုန်းခေါ်တဲ့ Keypad မှာ *#06# လို့ရိုက်လိုက်ပြီဆိုတာနဲ့ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

    ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

    အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
    (၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
    သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

    (၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင်
    သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

    (၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင်
    သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

    (၄) 00 ဖြစ်မယ်ဆိုရင်တော့
    သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

    (၅) 13 ဖြစ်မယ်ဆိုရင်တော့
    သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

    အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။
     
           ဒုတိယ သတိပြုရမှာက ဖုန်းအတွင်းထဲက Hardware ပဲဖြစ်ပါတယ် ။ထုတ်လုပ်တဲ့နိုင်ငံဘယ်လောက်
    ကောင်းကောင်း ဖုန်းထဲ က Hardware က မကောင်းရင်လဲမဖြစ်သေးပါဘူး။ ဒါကြောင့် 
    ဖုန်းခေါ်တဲ့ Keypad မှာ *#0*# ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ အထဲမှာ  Hardware အားလုံးကို ထိန်းချုပ်ထားတဲ့ C panle
    ပေါ်လာမှာဖြစ်ပါတယ်။ ပြီးရင်အောက်ပါပုံအတိုင်း Hardware တစ်ခုခြင်းစီကို စမ်းသပ်နိုင်မှာဖြစ်ပါတယ်။

     သူငယ်ချင်းအားလုံးပဲ  မိမိစိတ်တိုင်းကျ အကောင်းစား ဖုန်း တွေ ပိုင်ဆိုင်နိုင်ကြပါစေ...လို့ 

                                                                                                       ဆုတောင်လျှက်..

                                                                                                                       Kyaw Zin

     




    edjing PE - Turntables DJ Mix

          ဒီ APK ဟာ ကျွန်တော်တို့လို လူငယ်တွေ အကြိုက်
    DJ Mix လုပ်တဲ့ ဖုန်းဆော့ဝဲ ပဲ ဖြစ်ပါတယ်..။ Google
    Play Store မှာ ကိုရီးယားပိုက်ဆံ ၀မ် 12969 ပေးဝယ်ရတဲ့
    APK ဖြစ်ပါတယ်။ အခမဲ့ လိုချင်ရင်တော့ အောက်မှာ
    Download ယူနိုင်ပါတယ်...။

    Download Here

    What is rooting? Why to root an android device?

    Root လုပ်တယ်ဆိုတာ ဘာလဲ …? ဘာကြောင့် Android ကို root လုပ်ရတာလဲ…..? 

               ဒီအကြောင်းအရာတွေက Android ပေါ်မှာ root လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက အကျိုးအမြတ်တစ်ခုကို ရှာဖွေ ရှင်းပြပေးမှာပါ။
    ပြီးတော့ Android Phone တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေက အရေးကြီးပိုင်းမှာ
    အသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user တွေအတွက် root လုပ်လိုက်လို့
    အခြေခံသဘာ သဘာဝတွေ၊ တချို့ ရိုးရှင်းတဲ့ applications တွေကိုလဲ အသုံးပြုဖို့ ၊
    ပြီးတော့ android phones တွေကို root လုပ်ပြီး appllications တွေကို
    အလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေးထားပါတယ်။
    ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်


    Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
    ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
    root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
    Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
    ” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
    သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
    root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
    custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
    အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
    အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
    root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ
    အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။
    ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။
    Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators
    တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
    ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
    ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။
    အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို
    Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
    သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်
    သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်
    ၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
    ၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
    သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
    ၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
    guide ရှိဖို့လိုပါတယ်။
    သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
    အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
    ၄. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
    ၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
    Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ


    1. Total control over system
    root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
    root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
    တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
    ( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
    system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
    2. Remove Unwanted apps
    ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
    တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
    phone memory ကိုအလဟဿဖြစ်စေပါတယ်။
    ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
    applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
    3. Change Themes
    ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
    နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
    ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
    ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
    သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
    4. Backup Whole System
    Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
    သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
    အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး
    SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
    OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
    သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
    သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
    5. Installing Special Applications
    Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
    တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
    ( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
    အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
    6. Install New ROM , Interference
    သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)
    အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို
    ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့
    ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
    အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
    ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း
    အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။
    အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

    ' Root ဘာကြောင့် လုပ်ရသလဲ"
    ဒီစာလေးက Root ဆိုတာ ဘာလဲလို့ အသိသေးသောသူတွေအတွက်သာရည်ရွယ်ပြီး Root ကို ဘာကြောင့်လုပ်သင့်သလဲဆိုတာကို အကြမ်းဖြင်းရှင်းပြပေးတာဖြစ်ပါတယ်။
    Android OS ဆိုတာ opensource (free version) ဆိုပေမဲ့ mobile ထုပ်လုပ်သူတွေက Stay Version အနေနဲ့သာထုပ်လုပ်ကြပါတယ်။ဒါကြောင့်မို့ မိမိတို့ Divice ကို root လုပ်ရခြင်းဆိုတဲ့ အကြောင်းလေးပေါ်လာပါတယ်။အချို့သော program & application တွေကိုထည့်သွင်းအသုံးပြုချင်တဲ့ အခါမှာ မိမိ Divice က Stay Version ဖြစ်နေတဲ့အတွက် အသုံးပြုခွင့်မပေးပါဘူး။မိမိကို မိမိ Divice ရဲ့ (user) အသုံးပြုသူအနေနဲ့ ပဲ အသိအမှတ်ပြုထားတာပါ။ထိန်းသိမ်းပြုပြင်ခွင့်ရှိသူ (Adminstrator) အဖြစ် ခွင့်မပြုထားပါဘူး။အဲဒီအခါမှာ မိမိက မိမိ Divice ကိုမိမိစိတ်ကြိုက်ပြုပြင်ဖန်တီးတည်ဆောက်ချင်တယ်ဆိုရင် သာမန် user အဖြစ်က နေ super user အဖြစ်ကို ရယူရပါတယ်။
    မိမိက မိမိDivice ရဲ့ Administrator Permissions ဖြစ်ပီဆိုရင်တော့ မိမိ Divice ကိုမိမိစိတ်ကြိုက် လုပ်ဆောင်ခိုင်းစေနိုင်လောက်အောင်ထိကို စွမ်းအားတွေရရှိမှာပါ။မိမိသာ programming ကို တက်သိကျွမ်းကျင်ထားသူဖြစ်ပါက OS တစ်ခုလုံးကို ကောင်းကောင်းလေ့လာခွင့်ရရှိနိုင်သလို System တစ်ခုလုံးကိုလဲ မိမိစိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့အနေအထားကို ရရှိမှာပါ။
    Divice တွေ ထဲမှာ ပါဝင်တဲ့ ROM ကို သာ modified (ပြုပြင်ဆောင်ရွက်) နိုင်တဲ့ အဆင့်မှာ ရှိနေရင် မိမိ Divice ကို ကိုယ်ပိုင် Setting နှင့် ကိုယ်ပိုင် Themes တွေကို မိမိစိတ်ကြိုက်ပြုပြင်တည်ဆောက်နိုင်မှာပါ။
    အန္တရယ်ရှိတာကတော့ System အတွင်းပိုင်းကို နားမလည်ပဲ သွားရောက်ပြင်ဆင်မိသွားရင်တော့ မိမိ Divice လေးကို ဆုံးရုံးသွားရနိုင်ပါတယ်။သို့မဟုတ် Firmware အသစ် ပြန်တင်ခြင်းတို့ လုပ်ဆောင်ရမှာပါ။ထို့ကြောင့် မိမိက Super User ကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ သာမန်ထက် ပိုမိုထိန်းကျောင်း နိုင်အောင်လေ့လာမှတ်သားထားဖို့တော့ လိုပါတယ်။
    Root လုပ်ပြီးလို့ Super User ဆိုတဲ့ ပုံလေး မိမိ Divice မှာ တွေ့နေရပီဆိုရင်တော့ Java Language ကိုတက်ကျွမ်းသူဆိုရင် Core Level ဆိုတဲ့ OS Management အဆင့်ထိဝင်ရောက်ပြင်ဆင်ရေးသားနိုင်မှာပါ။တကယ်လို့ မိမိက သာမန် user တစ်ယောက်ဆိုရင်တော့ မိမိကိုယ်တိုင် မြန်မာဖောင့် ထည့်ခြင်း၊မြန်မာလက်ကွက်ထည့်ခြင်း၊Root only Application တွေကို ထည့်သွင်း အသုံးပြုနိုင်ခြင်း၊System ကို Backup လုပ်နိုင်ခြင်း၊စသောစသော အကျိုးပြုတဲ့ သေးငယ်သော ထိန်းကျောင်း မှု့တွေတော့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။သေချာတာကတော့ မိမိ Divice ကို root လုပ်လိုက်ပီဆိုရင်တော့ မူရင်းထုတ်ကုန်ကို ဆန်ကျင်ရာေ၇ာက်တာကြောင့် Warranty ပျက်သွားနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ သင့် အနေနဲ့ Warranty ကို ဂရုစိုက်နေမှာလား မိမိ Divice ကို မိမိထိန်းကျောင်းနိုင်သော Super User တစ်ယောက်အဖြစ်ခံယူမှာလားဆိုတာကတော့ သင်ကိုယ်တိုင်ရွေးချယ်ရမှာပါ..။

    Ornagai English-Myanmar Dictionary


    Ornagai English-Myanmar Dictionary လိုချင်သူများအတွက်...

    Download Here
    Dictionary: အဘိဓာန်

    စံဇာဏီဘို ဗေဒင် 2014 (Myanmar Zodaic 2014)

    ဗေဒင်ဝါသနာပါသူများ မိမိ Phone ထဲထည့်သွင်းအသုံးပြုနိုင်ပါပြီ။
    Download Here

    Bagan Key Board Pro V3.2.4




    ရှောင်ရန်အချက်များ။ (Photos နဲ့  Contacts များ အဖျက်မခံရရန်။)
    ======================================
    1. Bagan Icon နှစ်ခုစလုံးကို လုံးဝမဖွင့်ပါနဲ့ ။ ဖွင့်လိုက်ရင် ဖုန်းထဲက ပုံတွေနဲ့ contacts တွေကို ပုဂံက ဖျက်သွားပါလိမ့်မယ်။ အဲလိုဖြစ်အောင်ကို ပုဂံက လုပ်ထားတာပါ။ ဖွင့်တိုင်း ဖျက်မှာပါ။
    2. Setting အောက်က ပုဂံကီးဘုတ်ဘေးက စက်သွားပုံလေးကိုနှိပ်ရင်လည်း ပုဂံထဲဝင်ပါတယ်။ အဲလိုဝင်ရင်လည်း ပုဂံက Photo နဲ့ Contacts တွေကို ဖျက်ပါလိမ့်မယ်။ အဲနေရာက စက်သွားပုံလေးကိုလည်း လုံးဝ မနှိပ်ပါနဲ့ ။
    3. Play Store ရဲ့ ပုဂံထဲက နေလည်း ပုဂံကို မဖွင့်ပါနဲ့ ။
    4. ဘယ်နေရာကမှ ပုဂံကို မဖွင့်ပါနဲ့ ။

    ဆောင်ရန် အချက်များ။
    ==============
    1. ပုဂံ Icon ကို မတော်တဆ မဖွင့်မိစေရန် Play Store မှ မိမိ နှစ်သက်ရာ "Icon Hider" ဆော့ဝဲ တစ်ခုခုကို သုံးပြီး ပုဂံရဲ့  Icon နှစ်ခုစလုံးကို ဖျောက်ထားလိုက်ပါ။ ဖျောက်ထားတာ စိတ်အချရဆုံးပါပဲ။ မတော်တဆ နှိပ်မိမှာ စိုးလို့ ပါ။
    2. ကျွန်တော်ကတော့ အောက်ကလင့်က Icon Hider ကို သုံးပါတယ်။
    https://play.google.com/store/apps/details?id=com.thinkyeah.apphider&hl=en
    မိမိကြိုက်တာသုံးနိုင်ပါတယ်။
    3. Samsung တစ်ချို့ ဖုန်းတွေမှာ "Hide Applications" ဆိုတာ Menu အောက်မှာ ပါပြီးသားပါ။ အဲဒါသုံးလည်း ရပါတယ်။

    How to install
    =========
    1. ခရက်ထားသော Bagan Keyboard Pro (Pre Activated) v3.2.4 ကို install လုပ်ပါ။
    2. Setting အောက်က Language and Input ထဲမှ Bagan Keyboard ဘယ်ဘက်ဘေးမှာ အမှန်ခြစ်ပေးပါ။
    (ညာဘက်ဘေးက စက်သွားပုံကို လုံးဝ လုံးဝ မနှိပ်ပါနဲ့ ။)
    3. Default Keyboard မှာ Bagan Keyboard ကို ရွေးပေးပါ။
    4. ဒါဆိုရင် "Enter Activation Code" ဆိုတာကြီး ကီးဘုတ်ပေါ်မှာလုံးဝမပေါ်တော့ပဲ အဆင်ပြေပြေသုံးလို့ ရပါပြီ။

    Theme များသုံးရန်။
    ============
    1. Root Explorer မရှိသေးသူများ Root Explorer ကို အောက်က လင့်မှာဒေါင်းပြီး အရင်သွင်းလိုက်ပါ။
    2. ကျွန်တော်ပေးထားတဲ့ Theme ဖိုင်တွေထဲက ကိုယ်သုံးချင်တဲ့ Theme ဖိုင်ကို Root Explorer သုံးပြီး
    data/data/com.bit.androsmart.kbinapp/shared_prefs/
    ဖိုဒါထဲကို ထည့်ပါ။
    3. မူရင်းဖိုင်ဖြစ်တဲ့ com.bit.androsmart.kbinapp_preferences.xml ကို delete လုပ်ပါ။
    3. ကျွန်တော်ပေးထားတဲ့ Theme file name အနောက်ဆုံးတွေမှာ Theme name တွေ ကျွန်တော်ရေးထားပါတယ်။ (ရှာရ လွယ်အောင်ပါ။)
    4. အပေါ်က shared_prefs ဖိုဒါထဲထည့်ပြီးရင် အဲဒီ အနောက်ဆုံးက Theme name တွေကို ဖျက်ပါ။
    5. com.bit.androsmart.kbinapp_preferences.xml ဆိုတဲ့နာမည်ပဲ ဖြစ်ရပါမယ်။ နောက်ဆုံးက "Cherry, Default, Innovation, Neon, RetroFlat, Slate, Sonar" အစရှိတဲ့ ရှာရလွယ်အောင် ကျွန်တော်ပေးထားတဲ့ Them name တွေကို ဖျက်ပါ။
    6. ဖုန်းကို ပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။
    7. ခုနက ရွေးထည့်ထားတဲ့ Theme နဲ့  "Enter Activation Code" ဆိုတာကြီးလုံးဝ မပေါ်တဲ့ ပုဂံကီးဘုတ်ကို စိတ်ချမ်းသာစွာ သုံးလို့ရပါပြီ။

    Bagan Key Board Pro (Pre Activated) v3.2.4
    Download Here





    Frozen Keyboard 1.0.1

          
             frozen keyboard 1.0.1 လာပါပြီ Crack version ဖြစ်တဲ့အတွက်ဘာမှထပ်လုပ်စရာမလိုဘဲ
    အဆင်ပြေပြေသုံးနိုင်မယ်လို.မျှော်လင့်ပါတယ်။ သက်ဆိုင်သူ myanmar cracker group
    ကိုလဲ credit ပေးပါတယ် ခင်ဗျာ။အရင် Frozen တုန်းက ကျွန်တော်တို့လို ပြည်ပရောက် ရွှေမြန်မာတွေအတွက်
    Keyboard ၀ယ်ယူရာမှာ အခက်ခဲ ဖြစ်စေခဲ့ပါတယ်။အခု frozen keyboard 1.0.1က
    ပြည်ပရောက် ရွှေမြန်မာများအတွက်သာအဓိက ရည်ရွယ် ပြီး အခမဲ ဝေမျှခြင်းဖြစ်ပါတယ် ။ ကျွန်တော်တို.လဲ ကိုယ်ကျိုးလုံးဝမဖက်ပါဘူး။သူ့မှာ ရှမ်းစာအတွက် ရှမ်းကီးဘုတ်ပါဝင်ပါတယ်...ရှမ်းကီးဘုတ်အသုံးမလို့တဲ့သူက ရှမ်းကီးဘုတ်လေးကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ....။လိုချင်ရင်တော့ အောက်မှာ ဒေါင်းနိုင်ပါတယ်။

    အားလုံးပဲအဆင်ပြေပါစေဗျားးးးး
    Download Here
    Own © 2013 Mobile Note Book and Note Book Gyi - Mobile Note Book Gyi.